Wednesday, May 13, 2015

အားဖြည့်အချိုရည်နှင့် အရက် ရောစပ်သောက်သူများ ရေချိန်လွန်နိုင်









အရက်သောက်သော်လည်း အားဖြည့်အချိုရည်များနှင့် လုံးဝရောမသောက်သူများထက် ရောသောက်သော ဆယ်ကျော်သက်များ အရက်အလွန်အကျွံ သောက်သုံးမှုပြဿနာ ပိုမိုရင်ဆိုင်ရဖွယ်ရှိ ကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြသည်။
ကြီးကောင်ဝင်စအရွယ်များကြား အရက်ကို အလွဲသောက်သုံးမှု များမှာ ထိခိုက်ဒဏ်ရာရခြင်း၊ အရက်အလွန်အကျွံသောက်သုံးခြင်း နှင့် အလွဲသောက်သုံးခြင်းတို့အပြင် သေဆုံးမှုပါ ဖြစ်စေနိုင်သော အန္တရာယ်ရှိသည့် အပြုအမူဖြစ်သည်ဟု ဒါးမောက်ဆေးကျောင်း၊ နောရစ်ကော်ကွန်ကင်ဆာဌာနမှ သုတေသီ ဂျနီဖာအမ်းဖွန့်က ပြော သည်။
 ကြီးကောင်ဝင်စအရွယ်များကြား အရက်နှင့် အားဖြည့်အချို ရည်များရော၍သောက်သုံးမှုက အရက်ကို အလွဲသောက်သုံးမှုများ ဖြစ်ပေါ်လာကြောင်း အချက်ပြမှုဖြစ်နိုင်သည်ဟု အမ်းဖွန့်က ပြော သည်။
သုတေသီများက အမေရိကန်နိုင်ငံတစ်ဝန်း ကြီးကောင်ဝင်စ အရွယ်များနှင့် အသက်(၁၅)နှင့် (၂၃)နှစ်အရွယ် လူငယ် ၃,၃၄၂ ဦးကို လေ့လာခဲ့ခြင်းဖြစ်သည်။ ကြီးကောင်ဝင်စအရွယ် အသက်(၁၅)နှစ်မှ (၁၇)နှစ်အတွင်းရှိသူများ၏ ၉ ဒသမ ၇ ရာခိုင်နှုန်းမှာ အရက်ကို အားပြည့်အချိုရည်များဖြင့် ရောစပ်သောက်သုံးကြသည်။
ယင်းကဲ့သို့ ရောစပ်သောက်သုံးသော ဆယ်ကျော်သက်လူငယ် များသည် အရက်အလွန်အကျွံ သောက်သုံးမှုသာမက အရက် သောက်သုံးမှု မူမမှန်ဖြစ်လာနိုင်သည်။
ယင်းကိစ္စမှာ အထိခိုက်မခံနိုင်သော ကိစ္စတစ်ခုဖြစ်ပြီး မိဘများ၊ ဆရာဝန်များနှင့် ဆရာ၊ ဆရာမများက အားဖြည့်အချိုရည်သောက် မှုများနှင့်ပတ်သက်၍ စတင်ဆွေးနွေးကာ ကြီးကောင်ဝင်စအရွယ် များ အရက်သောက်သုံးမှုအကြောင်း ဆွေးနွေးသင့်ကြောင်း သုတေ သီများက ပြောသည်။
ယခုလေ့လာမှုကို Paediatrics ဂျာနယ်က ဖော်ပြသည်။
—Ref: TOI

No comments:

Post a Comment